ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန
ဆေးဝါးတက္ကသိုလ်၊ မန္တလေး
မန္တလေးမြို့။
စာအမှတ် ၁၀၃၅/ဆဝ/သက/Bပိုး
ရက်စွဲ။ ၂၀.၆.၂၀၁၉
အသည်းရောင်အသားဝါ B ပိုးရှိ/မရှိ စစ်ဆေးပေးမည့်ကိစ္စ။
ဆေးဝါးတက္ကသိုလ်၊ မန္တလေးရှိ ဆေးဝါးသိပ္ပံပညာ သင်တန်းအသီးသီးမှ ကျောင်းသား/သူများ အား (၂၁.၆.၂၀၁၉) ရက်နေ့ နံနက် (၉: ၀၀)နာရီတွင် အသည်းရောင်အသားဝါ Bပိုး စစ်ဆေးပေးခြင်း ပြုလုပ်ပေးမည်ဖြစ်ပါ၍ ကာကွယ်ဆေးအပြည့်ထိုးပြီးသူများမှ လွဲ ပိုး ရှိ/မရှိ လာရောက် စစ်ဆေး ကြပါရန် အသိပေး အကြောင်းကြားပါသည်။
xxxxx
ပါမောက္ခချုပ် (ကိုယ်စား)
(ရီရီဝင်း၊ လက်ထောက်မော်ကွန်းထိန်း)
ဆေးဝါးတက္ကသိုလ်၊ မန္တလေး
မိတ္တူကို/
၁။ ဌာနမှူးများအားလုံး၊ ကျောင်းသား/သူများအား ထပ်ဆင့်ပြောကြားပေးပါရန် မေတ္တာရပ်ခံချက်ဖြင့်
ပေးပို့ပါသည်။
၂။ ရုံးလက်ခံ။
၃။ မျှောစာ။