ဆေးဝါးတက္ကသိုလ်၊ မန္တလေး၏၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပထမနှစ် (၁၁/၂၀၂၄)သင်တန်းသို့ တက်ရောက်ခွင့်ရသည့် မောင်မယ်သစ်လွင် ကျောင်းသား/သူ များအား ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀:၀၀)နာရီက တက္ကသိုလ်၏ ဇီဇဝါခန်းမ၌ ကျင်းပသည်။
ရှေးဉီးစွာ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ကြိုဆိုနှုတ်ဆက် အမှာစကားပြောကြားပြီး ဆက်လက်၍ ပါမောက္ခချုပ်မှ နှုတ်ဆက်အမှာစကားပြောကြားခဲ့ပြီး တက္ကသိုလ်၏ vision, mission, academic activity များ၊ မိမိတို့တက္ကသိုလ်သည် နိုင်ငံတကာအသိအမှတ်ပြုတက္ကသိုလ် ဖြစ်ကြောင်း၊ Accereditationအတွက် စံသတ်မှတ်ချက်များကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ပါမောက္ခ/ ဌာနမှူးများ၊ ကထိက/ ဌာနမှူးများ၊ ဆရာ/ ဆရာမများ၊ မော်ကွန်းထိန်းတို့က စာမေးပွဲစည်းမျဉ်းစည်းကမ်းများ၊ တက္ကသိုလ်စည်းမျဉ်းစည်းကမ်းများ၊ ဘာသာရပ် ဆိုင်ရာ သိသင့်သိထိုက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပါမောက္ခချုပ် နှင့်တကွ မော်ကွန်းထိန်း၊ ပါမောက္ခ/ဌာနမှူးများ၊ ကထိက/ဌာနမှူးများ၊ ဆရာ/ ဆရာမများ နှင့် ဆေးဝါးတက္ကသိုလ်၊ မန္တလေးသို့ ဝင်ခွင့်ရသည့် ကျောင်းသား/သူ (၁၀၆)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရပါသည်။